ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်း၌ မြစ်ရေမြင့်တက်မှုများကြောင့် အချို့ သောရှေးဟောင်းစေတီ၊ အဆောက်အအုံများရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုများကြောင့် ကြံ့ခိုင်မှုအားနည်းသွားသည့် ရှေးဟောင်း အဆောက်အအုံများ၊ ပျက်စီးသွားသည့် နေရာများရှိခဲ့ပါက နိုင်ငံတော် ဘတ်ဂျက်ဖြင့် ပြုပြင်ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ...
ကမ်ဘာရာ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံသားများသည် လူ့ခန္ဓာကိုယ်အစိတ်အပိုင်များအားဝယ်ယူရန် တရားမဝင် အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးကွက်အတွင်းသို့တစ်ဆထက်တစ်ဆ တိုး၍ ဝင်ရောက်လျက်ရှိကြောင်း စုံစမ်းထောက်လှမ်းခြင်းဆိုင်ရာ News Limited သတင်းအရ သိရသည်။
ကိဗ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Lugansk ဒေသအား ယူကရိန်းနိုင်ငံမှ ခွဲထုတ်၍ သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်ရန်ကြိုးပမ်းနေသည့် ယူကရိန်း ခွဲထွက်ရေး ထိပ်တန်းခေါင်းဆောင် Igor Plotnytsky လုပ်ကြံရန်ကြိုးစားသည့်ကိစ္စတွင် ယူကရိန်း အစိုးရ အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အစိုးရတာဝန်ရှိသူများက...
ဘန်ကောက် ၊သြဂုတ် ၇ (ဆင်ဟွာ) ထိုင်းနိုင်ငံ ရွေးကောက်ပွဲကျင်းပရေးတာဝန်ရှိသူများသည် လူထုဆန္ဒခံယူပွဲပြုလုပ်မည့် မဲရုံအနီးတစ်ဝိုက်တွင် ထိုင်းပြည်သူများအနေဖြင့် လက်တလောထိုင်းနိုင်ငံ၌ လူကြိုက်များနေသည့် Pokemon Go ဖုန်းအပလီကေးရှင်းဂိန်းများ ဆော့ကစားခြင်းမပြုလုပ်ရန် နှင့် မဲရုံအတွင်း၌ အဆိုပါ ဂိမ်းများဆော့ကစားခြင်း ပြုလုပ်ပါက ဥပဒေအရ တရားဝင်မည်မဟုတ်ကြောင်း သြဂုတ် ၇ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ရှီးချန်း၊ စီချွမ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။