မက္ကဆီကို စီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်း မက္ကဆီကို-အကာပေါ်ကို အဝေးပြေးလမ်းမကြီးအနီး စွန့်ပစ်ထားသော SUV အမျိုးအစားယာဉ်တစ်စီးအတွင်း၌ အမျိုးသား ၈ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ဝင်များက ရှာတွေ့ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခု က ဧပြီ ၁၀ ရက်တွင်ဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ ရှိ North Park မူလတန်းကျောင်းဝင်း အတွင်း ဧပြီ ၁၀ ရက်က ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အခြားလူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) လစ်လပ်မဲဆန္ဒနယ် ၁၉ ခုတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ စရိတ်သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၏ အဆိုပါ မဲဆန္ဒနယ် ၁၉ ခုတွင် ကျင်းပသည့် စရိတ်ထက် ကျပ်သန်း ၄၈၀ ခန့်ပိုမို ကုန်ကျခဲ့သည်ဟု...
ရန်ကုန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်သည် အိမ်နီးချင်းတရုတ်နိုင်ငံသို့သွားရောက်လည်ပတ်စဉ် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုကောင်းမွန် အောင်တည်ဆောက်သွားရန် ကတိပြုခဲ့ပြီး၊ ၎င်းခရီးစဉ်အတွင်း ပြည်သူအချင်းချင်းကြားချိတ်ဆက်ဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးနိုင်ရန် အမြင့်ဆုံး မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ပေကျင်း, ဧပြီ ၁၀ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် နှင့် စဉ်ဆက်မပြတ် ကောင်းမွန်စေရေးကို တွန်းအားပေးရန် နှစ်ဖက်စလုံးအကျိုးအမြတ်ရရှိစေမည့် win-win ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်လေးစားမှု စည်းမျဉ်းများကို ကိုင်ဆွဲသွားကြရန် ဧပြီလ ၁၀ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။