Connect with us

Asia

ထိုင်းနှင့် တရုတ် ဖုန်းနံပါတ်များ ထည့်သွင်း အသုံးပြုနိုင်သော SIM ကဒ် ဘန်ကောက်တွင် မိတ်ဆက်

ထိုင်းနိုင်ငံအတွင်း အသုံးပြုနေသည့် ဖုန်းဆင်းမ်ကဒ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

China Mobile International (CMI) နှင့် ထိုင်းနိုင်ငံ မိုဘိုင်းလုပ်ငန်း TrueMove H တို့က ထိုင်းနှင့် တရုတ် ဖုန်းနံပါတ်များ ပေါင်းစပ်ထည့်သွင်းထားသော ပထမဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှု CMLink TrueMove H Thailand 4 G SIM အား မတ်လ ၂၉ ရက်တွင် မိတ်ဆက်လိုက်ကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များနှင့် ထိုင်းနိုင်ငံရှိ တရုတ်လူမျိုးများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

မိုဘိုင်း အော်ပရေတာများ၏ အဆိုအရ အသစ်မိတ်ဆက်လိုက်သော SIM ကဒ်သည် တရုတ်နိုင်ငံ ပြည်မ ဖုန်းနံပါတ်များမှ မက်ဆေ့ချ် (Message) လက်ခံခြင်းနှင့် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံပြည်မသို့ မိနစ် ၁၀၀၀ အခမဲ့ဖုန်းခေါ်ဆိုခြင်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ဝန်ဆောင်မှုတွင် တရုတ်နိုင်ငံ၏ လူသိများသော Wechat Pay, Alipay နှင့် Union Pay ကဲ့သို့သော ငွေပေးမှုများအပါအဝင် ဘက်စုံပေးချေမှုနည်းလမ်းများအား ထောက်ပံ့ပေးမည် ဖြစ်သည်။

“အခုဆိုရင် China Mobile အသုံးပြုသူ သန်း ၉၀၀ ကျော်နေပါပြီ။ CMI က ပြည်ပဈေးကွက်ကို အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးသွားဖို့ လုပ်ဆောင်ထားပါတယ်” ဟု CMI ၏ ထိုင်းနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဂျူလီနင် (Julie Ning) က ပြောခဲ့သည်။ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် ခရီးသွားဧည့်သည်များ လာရောက်မှု အများဆုံးနိုင်ငံတစ်ခုဖြစ်သလို တရုတ်ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်ထားရာနေရာတစ်ခုလည်း ဖြစ်သည်။ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ခရီးသွားဧည့်သည်လုပ်ငန်းမှ ဝင်ငွေနှင့် ဧည့်သည် အရေအတွက်အရ တရုတ်ခရီးသွားဧည့်သည်များက ပထမနေရာတွင် ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117