လွန်ပရာဘွန် ၊ လာအို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင် တို့သည် ဒီဇင်ဘာ ၁၆ ရက်ကတွေ့ဆုံပြီး နယ်ပယ်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် လက်ဝါးကျေးရွာအတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်၌ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး နှင့် ဆိုင်ကယ် တစ်စီး တို့သည် ဒီဇင်ဘာ ၁၆ ရက်တွင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ် စီးနင်းသူ...
မကာအို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရအဖွဲ့သည် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ပြီး နိုင်ငံတကာစီတန်းလှည့်လည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
တိုကျို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ဖက်အစွန်း ဟော့ကိုင်ဒိုးစီရင်စု Sapporo မြို့ရှိ ဂျပန်ရိုးရာ စားသောက်ဆိုင် တစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံ လေတပ်ဦးစီးချုပ်က ၎င်း၏ Facebook ၌ရေးသားခဲ့သည်။