Connect with us

Asia

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း တွင် ဈာပနအခမ်းအနားတစ်ခုသို့ ဘတ်စ်ကားတစ်စီး ဝင်တိုက်မိရာ လူ ၇ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

ဗီယက်နမ်နိုင်ငံတွင် ယခင်က ဈာပနအခမ်းအနားတစ်ခုအား ဘတ်စ်ကားဖြင့် ဝင်တိုက်မိစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Vinh Phuc ပြည်နယ် တွင် မတ် ၂၇ ရက် နံနက်ပိုင်း က ဈာပနအခမ်းအနားတစ်ခုသို့ ၄၅ယောက်စီး ခရီးသည်တင် ဘတ်စ်ကားတစ်စီး ဝင်တိုက်ခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

မြောက်ပိုင်း Dien Bien ပြည်နယ် မှ Vinh Phuc ပြည်နယ်သို့ မောင်းနှင်လာသော အဆိုပါ ဘတ်စ်ကားသည် Yen Lac ခရိုင် ရှိ အမျိုးသားလမ်းမတစ်ပေါ်တွင် စီတန်းလှည့်လည်လာသော ဈာပနအခမ်းအနားတစ်ခုသို့ ဝင်တိုက်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Vietnam News Agency ကဖော်ပြခဲ့သည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားချိန်တွင် မြူဆိုင်းနေပြီး တစ်ကီလိုမီတာ အကွာအဝေးကို ကျော်လွန်၍ မမြင်ရကြောင်း အွန်လိုင်းသတင်းစာ VnExpress ကဖော်ပြခဲ့သည်။

ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း ဗီယက်နမ်နိုင်ငံ တွင် ယာဉ်မတော်တဆမှု ၂,၈၂၂ ခုဖြစ်ပွားခဲ့ပြီး လူ ၁,၃၅၆ ဦး သေဆုံးခဲ့၍ လူ ၈၁၄ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ အခြားလူ ၁,၃၅၅ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နိုင်ငံ၏ ယာဉ်ထိန်းရဲဌာန က ဖော်ပြခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117