Connect with us

Politics, Law & Military

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း သိန်းပေါင်း လေးသိန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကော့သောင်းမြို့အတွင်း ဖမ်းဆီးရမိသော ICE မူးယစ်ဆေးဝါးများနှင့် တရားခံများအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း သိန်းပေါင်း လေးသိန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဇာဒက်ကြီးကျွန်း၏ အနောက်မြောက်ဘက်ရေမိုင် ၅၂ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် စက်လှေ တစ်စင်းအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေပေါ်တွင် အမျိုးသားခုနစ်ဦးနှင့် အတူ ICE မူးယစ်ဆေးဝါး တစ်ထုပ်လျှင် ၁ ကီလိုဂရမ်ပါ အထုပ် ၁၇၃၇ ထုပ်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း လေးသိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိလှေမှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ်သွားကျေးရွာအနီးမှထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117