Connect with us

Politics, Law & Military

တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက် နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေမှုများအား ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေမှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့က နယ်ခြားစောင့်ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုနှင့် နိုင်ငံတကာမှ အခြေအနေမှန်များအား သိရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ကချင် ပြည်နယ်အတွင်း IDP Camp များရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီ ပေးရေး၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် နိုင်ငံတ ကာ၏ ဝေဖန်စွပ်စွဲချက်များအပေါ် စစ်ဘက်ဥပဒေနည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ် ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး သက်သေအထောက်အထား ခိုင်မာ မှန်ကန်စွာဖြင့် ဖြစ်စဉ်အမှန်အတိုင်း ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117