ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဘွန်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့သည် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ဆုံခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရန် အတူတကွ လက်တွဲလုပ်ဆောင်သွားသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးရောင်းချသူနှင့် တစ်ဆင့် ပြန်လည် ရောင်းချသူ များအား မူးယစ်ဆေးဝါးများ နှင့် အတူ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ဘက် Ikoroduမြို့ ရှိ Majidun မြစ်အတွင်းသို့ ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းက ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ IS စစ်သွေးကြွအုပ်စုနှင့် ပူးပေါင်းရန် တရားမဝင် စီစဉ်နေ၍ ၎င်းအားမိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း အင်ဒိုနီးရှားရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ရက်တွင် ဂျာကာတာမြို့၌ ထုတ်ဖော်ပြောကြားခဲ့သည်။