ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ) ယနေ့ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်တွင် ဝန်ကြီးချုပ်လီခဲ့ချန်က အစိုးရ၏ လုပ်ငန်းဆောင်ရွက်အစီရင်ခံစားများကိုဖတ်ကြားရာတွင် စီးပွားရေးကဏ္ဍ နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံကပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးကို ၂ဝ၁၈ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် လျာထားကြောင်းသိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အိုးဘိုကျေးရွာ၌ မတ်လ ၇ ရက်နေ့က မီးလောင်မှုကြောင့် လူဦးရေ ၁၀၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် သရက်ကုန်းကွက်ရှိ နှစ်ထပ် နေအိမ်တစ်အိမ်မှ မတ် ၇ ရက်နေ့တွင် မီးစတင်လောင်ရာမှ နေအိမ် ၁၂လုံးထိ မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော တရုတ်နိုင်ငံ နှင့် ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန် ၏ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည့်အပြင် တစ်ကမ္ဘာလုံး၏အကျိုးကိုလည်း ဖြစ်ထွန်းစေနိုင်ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ယှဉ်ပြိုင်မှုဟုဆိုလျှင် ၎င်းယှဉ်ပြိုင်မှုမှာလည်း ကောင်းမွန်သည့်အပြုသဘောဆောင်သည့် ယှဉ်ပြိုင်မှုမျိုးသာဖြစ်ကြောင်း ၊ ဤကဲ့သို့သော ယှဉ်ပြိုင်မှုမှာ နိုင်ငံတကာဆက်ဆံရေးတွင်...
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တရုတ်နိုင်ငံသည် အာဆီယံ (ASEAN) နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်ပြီး အနာဂတ်မျှဝေသောနီးကပ်သည့် အသိုင်းအဝိုင်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မတ် ၈ရက်တွင်ပြောကြားခဲ့သည်။