Connect with us

Africa & Middle East

နိုင်ဂျီးရီးယား အကြမ်းဖက်မှုကြောင့် လူဦးရေ ၆၀ ဦးကျော် သေဆုံးပြီး လူထောင်ပေါင်းများစွာ နေရပ် စွန့်ခွာ ထွက်ပြေးဟု ကုလသမဂ္ဂ ပြောကြား

နိုင်ဂျီးရီးယား တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ အရှေ ့မြောက်ပိုင်းရှိ လက်နက်ကိုင် အုပ်စုများ၏ မကြာခဏ တိုက်ခိုက်မှုများ နှင့် ရင်ဆိုင် နေရသည့် အတွက် အရပ်သား ၆၀ ဦးကျော် သေဆုံးခဲ့ရပြီး လူဦးရေ အများအပြားသည် ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

“အခု အပတ် အစောပိုင်းမှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ နဲ့၁၀၀ ကြား သေဆုံးခဲ့ပါတယ်။”ဟု ကုလသမဂ္ဂ အကြီးအကဲ၏ ပြောရေးဆိုခွင့် ရှိသူ Stephane Dujarric က ပုံမှန် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်

လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ကုလသမဂ္ဂ အရာရှိက လက်နက်ကိုင် အုပ်စုများ၏ မကြာခဏ တိုက်ခိုက်မှုများကြောင့် နိုင်ဂျီးရီးယား နိုင်ငံ အရှေ ့မြောက်ပိုင်း Rann မြို့မှ လူဦးရေ ၃ သောင်းခန့်မှာ ကင်မရွန်း နိုင်ငံသို့ တိမ်းရှောင် ထွက်ပြေးခဲ့ပြီး Ngala နှင့် Maiduguri ဧရိယာ အတွင်း ဒုက္ခသည်များစွာ ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများက Ngala ဒေသတွင် အရေးပေါ် တုံ့ပြန်ရေး ဆောင်ရွက်ချက်များ နှင့် စစ်တမ်း ကောက်ယူချက်များ လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ပြီး ဇန်နဝါရီလလယ်ပိုင်းတွင် ယခင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လူသားချင်း စာနာ ထောက်ထားမှုများ မလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက မြို ့ထဲတွင် ပိတ်မိသူများ နှင့် ထွက်ပြေး တိမ်းရှောင်သူများ၏ လုံခြုံရေး အတွက် ဆက်လက် စိုးရိမ် နေရကြောင်း ပြောကြားခဲ့သည်။

ကင်မရွန်း နိုင်ငံ၌ လာမည့် ရက်များတွင် ထပ်မံရောက်ရှိလာသော ဒုက္ခသည် ၁၃,၅၀၀ အတွက် အစားအသောက်များ ပေးအပ် သွားရန် စီစဉ်ထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောကြားခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ (UNHCR) က အမိုးအကာ နှင့် အခြား ထောက်ပံ့မှု ပေးအပ်ရန် ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.