Connect with us

Videos

“ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” အား ဇန်နဝါရီ ၃၀ ရက် တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က မြန်မာ နိုင်ငံ တွင် တရုတ် နှစ်သစ်ကူး ပွဲတော် အငွေ့အသက်တွေ ပိုမို များပြားလာပြီး နွေဦးပွဲတော် မှာလည်း ပိုမို စည်ကားသိုက်မြိုက်လာသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ယနေ့ ကျင်းပ သည့် အနုပညာ ဖျော်ဖြေပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ အကြား တည်ရှိသည့် စစ်မှန်နက်ရှိုင်းလှသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကိုလည်း ခံစား နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း က တရုတ် ရိုးရာ နှစ်သစ်ကူး အချိန်အခါ တွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲ အဓွန့်ရှည်ကြာစေရန် ဆုမွန်းကောင်းတောင်းလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ကျမ်းစူးပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖမ်ပျောင်းကျင်း က ခေတ်သစ်ပိုးလမ်းမကြီး နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး အောက်တွင် ကျမ်းစူး ပြည်နယ် နှင့် မြန်မာ နိုင်ငံ အကြား ယဉ်ကျေးမှု နှင့် ခရီးသွား ကဏ္ဍ တွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် လာခဲ့ပြီး နှစ်ဦးနှစ်ဖက် အကြား ဆက်ဆံရေး ကို ပိုမို မြှင့်တင်ပေး နိုင်ခဲ့ကြောင်း ၊ တရုတ် နှစ်သစ်ကူး အခါသမယ တွင် အားလုံးအတူတကွ ပျော်ရွှင်စေလိုကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ တရုတ် နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ တရုတ် နိုင်ငံ ကျမ်းစူးပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဦးစီးဌာန တို့ မှ ပူးပေါင်းကျင်ပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အခမ်းအနား တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာ အနုပညာဖျော်ဖြေတင်ဆက်မှုများ ၊ နှစ်နိုင်ငံ ထင်ရှားသည့် အဆို ၊ အက နှင့် အနုပညာ တက်ဆက်မှုများ အား ဖျော်ဖြေတင်ဆက်ခဲ့ရာ ပရိတ်သတ် များ၏ နှစ်သက်အားပေးမှု ကို ရရှိကြောင်း သိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.