ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝန်းရှိ သတင်းထောက်ပေါင်း ၁ဝဝဝ ကျော်က တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးပါသည့်အစည်းအဝေး နှစ်ရပ်တွင် သတင်းရယူရန် တက်ရောက်လာခဲ့ကြသည်။ ထိုအစည်းအဝေးမှာ တရုတ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်စေမည့် အထူးအခွင့်အရေးတစ်ရပ်လည်းဖြစ်ပြီး တစ်ကမ္ဘာလုံးက အထူး စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိသည်။ (Xinhua)
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆,၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉,၁၉၀ ချောင်းနှင့် ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့စတင်ကျင်းပခဲ့ပြီး၊ ပြီးခဲ့သည့် တချို့ ဘာသာရပ်တွင် မဖြေနိုင်ဘူးထင်သော်လည်း အမှတ်ပေးစည်းမျဉ်းထဲဝင်သည့်အခါ အောင်မှတ်ထက်မက အမှတ်ကောင်းကောင်းရနေတာတွေလည်း ရှိသည့်အတွက် နောက်ရက် ဖြေဆိုရမည့် ဘာသာရပ် ကို အာရုံပြုပြီး ဖြေဆိုစေချင်ကြောင်း ပညာရေးဝန်ကြီးဌာန...