Connect with us

Local

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှအတည်ပြု

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-- DICA)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ)

အထည်ချုပ်လုပ်ငန်းနှင့် ဆက်သွယ်ရေးသုံး Signal Cable အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း ၂ ခုတို့ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကို ကျင်းပခဲ့ပြီး၊ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍ နှင့် အခြားဝန်ဆောင်မှု ကဏ္ဍ တို့၌ ဆောင်ရွက်မည့် နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြု ပေးခဲ့ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၇.၂၄၁ သန်း နှင့် မြန်မာကျပ်ငွေ ၃၄၉၃.၆၄၆ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၄,၃၅၀ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အနေဖြင့် စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅.၁၆၀ သန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.