Connect with us

Africa & Middle East

ကာတာ နိုင်ငံ က မာလီ နိုင်ငံ အား စစ်ရေး ထောက်ပံ့မှုများ ပြုလုပ်

သံချပ်ကာကား တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒိုဟာ ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကာတာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၂၆ ရက် ထုတ်ပြန်ကြေညာချက် အရ ကာတာ နိုင်ငံ မှ မာလီ နိုင်ငံ အား သံချပ်ကာကား ၂၄ စင်း ထောက်ပံ့ပေး ခဲ့ပြီး ယင်းမှာ ကာတာ နိုင်ငံ မှ Sahel ၅ နိုင်ငံ အဖွဲ့အစည်း သို့ ကူညီထောက်ပံ့မှု ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် ကာတာ လေတပ် မှ C-17 သယ်ယူ ပို့ဆောင်ရေး လေယာဉ် က သံချပ်ကာကား နှင့် အရာရှိများ အား တင်ဆောင်၍ မာလီ နိုင်ငံ သို့ သွားရောက် ခဲ့ကြောင်း ၊ ယခုကဲ့သို့ ထောက်ပံ့မှု ပြုလုပ်ခြင်း မှာ မာလီ နိုင်ငံ ၏ အကြမ်းဖက် နှိမ်နင်းရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ကြောင်း ၊ ကာတာ နိုင်ငံ အနေဖြင့် ယင်းကဲ့သို့ စစ်ရေး ထောက်ပံ့မှုမျိုး အား Sahel ၅ နိုင်ငံ အဖွဲ့အစည်း သို့ တိုးချဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

လတ်တလောနှစ်ပိုင်း အတွင်း မာလီ နိုင်ငံ မြောက်ပိုင်းဒေသ တွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး လတ်တလောရက်ပိုင်း တွင် အလယ်ပိုင်း ဒေသ ၌ လည်း ဖြစ်ပွားလာခဲ့ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမို များပြားလာကြောင်း သိရှိရသည်။

Sahel ၅ နိုင်ငံ အဖွဲ့အစည်း အား ၂၀၁၄ ခုနှစ် တွင် စတင် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ မှာ မာလီ ၊ မော်ရီတေးနီးယား ၊ ဘာကီနာဖာဆို ၊ နိုင်ဂျာ နှင့် ချတ်ဒ် စသည့် နိုင်ငံများ ဖြစ်ကြကြောင်း ၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် Sahel ၅ နိုင်ငံ အဖွဲ့အစည်း က တပ်ဖွဲ့ဝင် အင်အား ၅,၀၀၀ ဖြင့် အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့အား အတူတကွ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.