Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁,၈၅၆.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့် အတူ စိတ်ကြွဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁,၈၅၆.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ၁၃း၃၀နာရီ အချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု၊ လသာ(အထက်)ကျေးရွာနေ ဟာမိတ်ဒူလ္လာ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းခန်းရှိလှေကားအောက်အုတ်နံရံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂,၈၂၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဟာမိတ်ဒူလ္လာ(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.