ဟနွိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် ခရီးသွားဧည့်သည်များအတွက် ပထမဆုံး နှစ်ထပ် ဘတ်စ်ကား စတင် ပြေးဆွဲနေပြီ ဖြစ်ပြီး လာမည့် တစ်လ၊ နှစ်လအတွင်း အဆိုပါ ယာဉ်များအား ကျယ်ပြန့်စွာ အသုံးပြုသွားမည်ဟု သိရသည်။
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို အဆင့်မြှင့်တင် လျက်ရှိရာ မြို့ပတ်ရထားလမ်းပိုင်းတွင် ပါ ဝင်သည့် ပုရွက်ဆိတ်ကုန်းဘူတာမှ တညင်းကုန်းဘူတာ အထိ သံလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းကို အောက်တိုဘာ ၁ ရက်တွင် စ တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) သူနာပြုနှင့် သားဖွား ဆရာမများ၏ အလုပ်ဝင်ပေါက်(ပညာအရည်အချင်း)၊ ရာထူးနှင့် လစာနှုန်းထား များအား ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ သည် လာမည့် ရက်သတ္တပတ်တွင် အစ္စရေးနိုင်ငံ နှင့် ဂျာမနီနိုင်ငံသို့ နှစ်နိုင်ငံ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပဲရစ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အမျိုးသား တစ်ဦးသည် ဇွန်လ ၂၉ ရက် ညနေပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အရှေ့တောင်ဘက် Creteil ဗလီရှေ့ရှိ လူအုပ်အတွင်းသို့ ကားမောင်းဝင်ရန် ကြိုးစားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း စီရင်စုဆိုင်ရာ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။