Connect with us

Europe

တူရကီတွင် စက်ရုံမီးလောင်မှုကြောင့် ဆီးရီးယားအလုပ်သမား ၅ဦးသေဆုံး

တူရကီနိုင်ငံ အန်ကာရာမြို့တွင် မီးလောင်ကျွမ်းနေသော ပရိဘောဂစက်ရုံ အား မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံမြို့တော် အန်ကာရာမြို့တွင် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စက်ရုံတစ်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၅ဦးသေဆုံးပြီး အခြားလူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြို့တော်ဝန် Vasip Sahin က အန်ကာရာမြို့ Altindag ခရိုင်တွင်ရှိသော လေးထပ်အမြင့်ရှိ ပရိဘောဂစက်ရုံ မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

တူရကီနိုင်ငံ ဒုတိယပြည်ထဲရေးဝန်ကြီး Mehmet Ersoy က စက်ရုံ၏ အောက်ပိုင်းအထပ်များတွင် မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ ဆီးရီးယားအလုပ်သမား ၅ဦးသည် လွတ်မြောက်ရန် အပေါ်ထပ်များသို့ ပြေးတက်သွားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။ယခုအခါ မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)