Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံတွင် ပြန်ပေးဆွဲခံရသည့် ခရီးသည် ၃၆ဦး ပြန်လည်လွတ်မြောက်လာ

ကင်မရွန်းနိုင်ငံရှိ လက်နက်ကိုင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာအွန်ဒီ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံအနောက်တောင်ပိုင်း ရှိ စစ်မက်ဖြစ်ပွားနေသော အင်္ဂလိပ်ဘာသာစကားပြော ပြည်နယ် ၂ခုအနက် တစ်ခု ရှိ Buea-Kumba အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီ ၁၅ရက် က ခရီးသည် ၃၆ဦးကို သေနတ်သမားများက ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းအာဏာပိုင်များကပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံရသူတစ်ဦးဖြစ်သည့် Divine Asong က ပြန်ပေးသမားများသည် ၎င်းတို့အား နေရာတစ်ခုသို့ ခေါ်ဆောင်သွားကာ ငွေကြေးများ၊ ဖုန်းများ နှင့် အခြားပိုင်ဆိုင်မှုများကို ယူဆောင်သွားခဲ့ပြီး လွှတ်ပေးခဲ့ကြောင်း၊ ပြန်ပေးသမားများသည် ခရီးသည်များအား ၎င်းတို့သွားလိုရာသို့ ခြေလျင်လျှောက်ခိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ခရီးအကွာအဝေးများစွာကို လမ်းလျှောက်ခဲ့ရပြီး ဝမ်းနည်းစိတ်ပျက်ဖွယ် အတွေ့အကြုံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခရီးသည်များအား ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ကင်မရွန်းနိုင်ငံ Anglophon ပြည်နယ် ရှိ စီးပွားရေးမြို့တစ်ခုဖြစ်သည့် Kumba တွင် ဒေသခံများသည် အကြီးတန်းအစိုးရအရာရှိများ နှင့် အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းဒေသ၌ ပြန်ပေးဆွဲမှုများ ပြန်နှံ့လာမှုကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်း ရှိ လူဦးရေအထူထပ်ဆုံးမြို့တစ်ခုဖြစ်သော Bamenda မြို့တွင် ကျောင်းသား ၇၉ဦး ပြန်ပေးဆွဲခံရပြီး ၂လအကြာတွင် ယခုပြန်ပေးဆွဲမှုထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117