Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း တွင် အင်အား ၅.၇ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ Kota Sabang မြို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ရှိ Aceh ပြည်နယ် တွင် ဇန်နဝါရီ ၁၇ ရက် က အင်အား ၅.၇ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာနကပြောကြားခဲ့သည်။

ဌာန၏ ကြီးကြပ်ရေးအရာရှိ Fahmi Muntaha က ငလျင်သည် ဒေသစံတော်ချိန် နံနက် ၉း၅၃နာရီ တွင် Kota Sabang မြို့ အနောက်မြောက်ဘက် ၂၀၂ကီလိုမီတာ ရှိ ပင်လယ်ကြမ်းပြင်အောက်အနက် ၁၆၅ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် “the Pacific Ring of Fire” ခေါ် ငလျင်ဇုံပေါ်တွင် ရှိနေသဖြင့် ငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)