ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မိကျောင်းဈေးကျေးရွာ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားက လူနေအိမ် ၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ...
ဝါရှင်တန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်(Donald Trump) အား ပုဂ္ဂိုလ်ရေး ဝေဖန်မှုပြုလုပ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရာထူးမှ နုတ်ထွက်မည်ဟူသော ကောလာဟလများကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန်က အောက်တိုဘာလ ၄ ရက်တွင် ငြင်းဆိုလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုခံရပြီး တစ်ဖက်နိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်သွားသောဟိန္ဒူဘာသာဝင် ၁၆ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်းသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တီးတိန်မြို့နယ်၌ အမှတ်(၈)မီးရှို့စနက်တံ အချောင်း (၁၀,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ စပါးစိုက်ဧက ၇၂၀၀၀ကျော်အတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နည်းပညာ၊ မျိုးစပါးနှင့် ရိတ်သိမ်းခြွေလှေ့စက်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။