Connect with us

Social

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် တရုတ် ယဉ်ကျေးမှု ရက်သတ္တပတ် အား တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ် တွင် ယူနန်တိုင်းရင်းသား ပန်းထိုးခြင်း အနုပညာအား ပါဝင် ဆောင်ရွက်နေကြစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ ပြပွဲ နှင့် ပြပွဲ သွားရောက်သည့် ပြည်သူလူထု များ ကိုယ်တိုင်ပါဝင် ဆင်နွှဲ နိုင်သော တရုတ် ယဉ်ကျေးမှု ရက် သတ္တပတ် ကို ဇန်နဝါရီ ၁၆ ရက် မှ စတင်၍ ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ်သည့် ပြပွဲ နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် တို့အား ပြည်သူလူထု တို့မှ အခမဲ့ သွားရောက် ပါဝင် ဆင်နွှဲနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပညာရှင် တို့၏ အနုပညာ လက်ရာများ အား ကြည့်ရှုခံစား နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို ကိုယ်တိုင်ပါဝင် လုပ်ကိုင် ဆောင်ရွက်သွား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ တိုင်းရင်းသား ရိုးရာ သစ်ရွက်မှုတ် ဂီတ အား ရှင်းလင်း ပြသ ပေးနေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ အား ပဲခူးမြို့ မှ လာရောက် ကြည့်ရှု ခဲ့သည့် ဦးစိုးဝင်း က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် မိမိ အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး နှင့် သက်ဆိုင်သော ပြပွဲများအား လွန်စွာ စိတ်ဝင်စားကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ က အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး တူညီသည့် ယဉ်ကျေးမှုများ တည်ရှိသောကြောင့် အနီးကပ် ကူးလူးဆက်ဆံမှု ထားရှိခြင်းသည် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည် ဟု ယူဆကြောင်း ၊ ယခု ပြပွဲ မှ တစ်ဆင့် နွေးထွေးသည့် ဆက်ဆံမှုများ ဖြစ်ပေါ်လာပြီး နှစ်နိုင်ငံ အတွက် ကောင်းကျိုးဖြစ်ထွန်းစေမည် ကို ယုံကြည်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ က ရှည်လျားသည့် ယဉ်ကျေးမှု ဖလှယ်ခြင်း ရှိခဲ့ပြီး ဖလှယ်မှုများ မှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး က တစ်နေ့တစ်ခြား ဖွံ့ဖြိုးတိုးတက်လာမည် ဟု ထင်မြင်မိကြောင်း ၊ ရှေ့ဆက်၍လည်း အလာတူ ပြပွဲမျိုး ဆက်လက် လာရောက် ပြသ သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် တွင် တိုင်းလူမျိုး စက္ကူညှပ်ရိုးရာ အနုပညာ အား ရှင်းလင်း တင်ပြ နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အင်းလေး ဒေသ ရိုးရာ ကြာချည်မျှင် ထုတ်လုပ်မှု အား ဆောင်ရွက်ပြသ နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ် အား တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ အား ပဲခူးမြို့ မှ လာရောက် ကြည့်ရှု ခဲ့သည့် ဦးစိုးဝင်း က ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုအား ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ် ယဉ်ကျေးမှု ရက် သတ္တပတ် ကို သင်္ကန်းကျွန်း မြို့နယ် မှ လာရောက် ပါဝင် ခဲ့သည့် မချိုချိုမြင့် က ယခုကဲ့သို့သော ပွဲမျိုး အား လာရောက် ပါဝင်ဆင်နွှဲခြင်း ဖြင့် တရုတ် နိုင်ငံ ၏ ယဉ်ကျေးမှု အား ပိုမို သိရှိနားလည် နိုင်မည် ဖြစ်ကြောင်း ၊ ယခု ကျင်းပ သည့် ပွဲ က နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ကို တိုးတက်စေနိုင်မည် ဖြစ်သောကြောင့် ကောင်းမွန်သည့် ပွဲ တစ်ခု ဖြစ်ပြီး ယခု ပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ယဉ်ကျေးမှု က တူညီမှု များစွာ တည်ရှိကြောင်း ကို တွေ့ရှိခဲ့ရကြောင်း ၊ ယနေ့ တွင် တရုတ် နိုင်ငံ ၏ စိတ်ဝင်စားဖွယ်ကောင်း သော ရိုးရာ ယဉ်ကျေးမှု များအား ကိုယ်တိုင်ပါဝင်ဆောင်ရွက် ခဲ့သောကြောင့် မိမိ အတွက် ဗဟုသုတ တိုးပွား စေခဲ့ကြောင်း ၊ ယခုကဲ့သို့ ပွဲမျိုးအား ကျင်းပ ပြုလုပ်ပေးခဲ့သည့် အတွက် သက်ဆိုင်ရာ တို့အား ကျေးဇူး တင်လိုကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် ကို သင်္ကန်းကျွန်း မြို့နယ် မှ လာရောက် ပါဝင် ခဲ့သည့် မချိုချိုမြင့် က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

ယနေ့ စတင်ကျင်းပ ပြုလုပ်သည့် “တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် တရုတ် ယဉ်ကျေးမှု ရက် သတ္တပတ် တို့ အား တရုတ် နိုင်ငံ အစိုးရ ၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ မှ ကြီးမှူး ကျင်းပ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြပွဲ နှင့် ယဉ်ကျေးမှု ရက် သတ္တပတ် အား ဇန်နဝါရီ ၁၆ ရက် မှ ၁၉ ရက် အထိ ကျင်းပ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း ၊ ပြပွဲ တွင် မျက်မှောက်ခေတ်ကာလရှိ အောင်မြင်ထင်ရှား သော နှစ်နိုင်ငံ အနုပညာရှင် ၄၀ ကျော် ၏ ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ များကို ပြသပေးသွားမည် ဖြစ်ကြောင်း ၊ ပြပွဲအား လာရောက် ကြည့်ရှုသူများ အနေဖြင့် ယူနန်တိုင်းရင်းသား ပန်းထိုးခြင်း အနုပညာ ၊ တိုင်းလူမျိုး စက္ကူညှပ်ရိုးရာ အနုပညာ ၊ တရုတ် နိုင်ငံ ၏ ရိုးရာ တူရိယာ ဖြင့် လှပသိမ်မွေ့သည့် ဂီတ ဖန်တီးမှု အနုပညာ ၊ မြန်မာ နိုင်ငံ အင်းလေး ဒေသ ၏ ကြာချည်မျှင်ရက်လုပ် မှု အနုပညာ စသည့် နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု နှင့် လက်မှု အတတ်ပညာ တို့ကို ပညာရှင်များ ကိုယ်တိုင်လာရောက် ရှင်းလင်းပြသသွားမည် ဖြစ်ပြီး ကိုယ်တိုင်ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရှိရသည်။(Xinhua)