Connect with us

Sport

FIFA ၊ AFC နှင့် အာဆီယံ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိရေး လေးနှစ် စီမံကိန်း ရှင်းလင်း

FIFA, AFC နှင့် အာဆီယံ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိရေး အတွက် ရေးဆွဲထားသည့် လေးနှစ်စီမံကိန်း အကြောင်း ရှင်းလင်းနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် လေးနှစ်တာ ကာလအတွင်း ယှဉ်ပြိုင်ရမည့် FIFA, AFC နှင့် အာဆီယံ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိရေး အတွက် ရေးဆွဲထားသည့် လေးနှစ်စီမံကိန်းအား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်၌ သတင်း မီဒီယာများအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ထိုလေးနှစ် စီမံကိန်း MFF Four Years Strategic Plan 2019-2022 အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ် နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ် က ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းတွင် မြန်မာ လက်ရွေးစင် အသင်းများ ၊ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများ ၊ အဖွဲ့ချုပ်၏ နည်းပြ သင်တန်းများ ၊ လူငယ် ဘောလုံး သမားများ တိုးတက်ရေး စသည် တို့နှင့် ပတ်သက်၍ မည်သို့ဖွဲ့စည်း ဆောင်ရွက်မည်ကို ဦးစွာ ဖော်ပြထားသည်။

ထိုအပြင် လေးနှစ် စီမံကိန်းတွင် ဆောင်ရွက်သွားမည့် လုပ်ငန်း တာဝန်များ ၊ မျှော်မှန်းချက်များ နှင့် ပါဝင်မည့် မဏ္ဍိုင်များအား ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

စီမံကိန်း အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ်မှ မြန်မာ့ လက်ရွေးစင် အမျိုးသား ၊ အမျိုးသမီး အသင်းများ အတွက် နည်းပြများ ခန့်ထားမှု ၊ ယင်းအသင်းများအား တိုးတက် လာစေရန် ဆောင်ရွက်မည့် ဦးတည်ချက်များ ၊ အောင်မြင်မှု ရလိုသည့် အတိုင်းအတာများ ၊ နည်းပြများအား ပညာပေးမှုများ ၊ အောက်ခြေအဆင့် အထိ ဘောလုံး ကစားနည်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမည့် အစီအစဉ်များ နှင့် ဖူဆယ် ကစားနည်း ဖွံ့ဖြိုး တိုးတက်မှု အတွက် ရည်မှန်းချက်များကိုလည်း ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

စီမံကိန်းတွင် မြန်မာ အမျိုးသား ယူ-၂၂ အသင်း အတွက် နည်းပြချုပ် အဖြစ် Velizar Popov ကို လည်းကောင်း ၊ အမျိုးသား ယူ-၁၉ အသင်း အတွက် နည်းပြချုပ် အဖြစ် စိုးမြတ်မင်း ကို လည်းကောင်း ၊ အမျိုးသား ယူ-၁၆ အသင်း အတွက် ဂျပန် နည်းပြချုပ် Koga Takuma ကို လည်းကောင်း ၊ အမျိုးသမီး လက်ရွေးစင် အသင်း အတွက် ဝင်းသူမိုး ကို လည်းကောင်း ၊ အမျိုးသမီး ယူ ၁၉ အသင်း အတွက် ဒေါ်သက်သက်ဝင်းကို လည်းကောင်း ၊ အမျိုးသမီး ယူ-၁၆ အသင်း အတွက် ဒေါ်စန်းစန်းသိန်း ကိုလည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ အမျိုးသား လက်ရွေးစင် အသင်း အတွက် နိုင်ငံခြား နည်းပြ တစ်ဦး ရွေးချယ် ခန့်ထားရန် ရှိပြီး ယခု အခါ Online မှ လျှောက်ထားသူပေါင်း ၆၀ ဦး ခန့်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.