ဂျာလာလာဘတ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မြို့တော် ဂျာလာလာဘတ်မြို့၌ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အက်တူလာ ခိုဂျီယာနီက ပြောကြားခဲ့သည်။
ဘာလင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Karlsruhe မြို့အနီးရှိ ကောင်းကင်ယံတွင် ဇန်နဝါရီ ၂၃ရက်က အပေါ့စားလေယာဉ်တစ်စီး နှင့် ရဟတ်ယာဉ်တစ်စီး တို့တိုက်မိ၍ လူ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့ တွင် ဇန်နဝါရီ ၂၃ရက်က ကားဗုံး ၂လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိမြင့်တက်လာခဲ့ကြောင်း ဆေးကုသရေးသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Afrin ခရိုင်အတွင်း ဇန်နဝါရီလ ၂၀ ရက်က စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကာ့ဒစ် ပြည်သူ့ ကာကွယ်ရေးယူနစ်များ (YPG) အဖွဲ့ဝင် အနည်းဆုံး ၂၆၀ သေဆုံးခဲ့ကြောင်း တူရကီစစ်တပ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလ ၂၃ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း ၌ ပြုလုပ်မည့် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ (ONE: QUEST FOR GOLD)တွင် အောင်လအန်ဆန် သည် ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado (အလက်ဇန်ဒရီမချဒို) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး၊...