ဘန်ကောက်၊ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများအနေဖြင့် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ၎င်းတို့၏မဲဆွယ်မှုအစီစဉ်ကို လွတ်လပ်စွာ စတင်လုပ်ဆောင်ခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄,၀၀၀ ခန့်သည် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု မှတဆင့် ဖြစ်ပွားသောရောဂါများကြောင့် အသက် ဆုံးရှုံးနေရကြောင်း ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာ သုတေသန တွေ့ရှိချက် အစီရင်ခံစာ ရှင်းလင်း တင်ပြမှုအရ သိရသည်။
မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Queretaro ပြည်နယ် ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အပြင်ဘက် တွင် ဒီဇင်ဘာ ၁၁ ရက်က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ရွှေဝါဆပ်ပြာများဖြင့် ရောနှောသယ်ဆောင်လာသော ကျပ် ၃၉,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ရက်တွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။