Connect with us

Sport

အရှေ့တောင်အာရှ တံခွန်စိုက်အလွတ်တန်း မြားပစ်ပြိုင်ပွဲ တွင် မြန်မာမှ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးရရှိ

မြားပစ်ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ--Myanmar Archery Federation)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ မြားပစ်ကွင်း၌ လက်ခံကျင်းပလျက်ရှိသည့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်အလွတ်တန်း မြားပစ်ပြိုင်ပွဲ တွင် မြန်မာမှ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။

မြန်မာမြားပစ်အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို Compound အမျိုးသား တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် ဇင်သူရိန်မှူးက ရယူပေးခဲ့ပြီး ဗိုလ်လုပွဲတွင် ဟောင်ကောင်ကစားသမား Tsui Wai Hung ကို ၁၄၁-၁၃၆ မှတ်ဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။ ဇင်သူရိန်မှူးသည် ပြိုင်ပွဲတစ်လျှောက် အမှားအယွင်းမရှိခဲ့ဘဲ ကွာတားဖိုင်နယ်တွင် ကျော်လင်းထွန်း(မြန်မာ)ကို ၁၄၁-၁၃၇ မှတ်၊ ဆီမီး ဖိုင်နယ်တွင်Daliya Saidara ကို ၁၄ဝ-၁၃၈ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် လာအိုကစားသမားက ကြေးတံဆိပ် ရရှိသည်။

Compound အမျိုးသမီးတစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင်Kanyavee(ထိုင်း)က ရွှေတံဆိပ်၊ ခက်ခက်တုန်(မြန်မာ)က ငွေတံဆိပ်၊ Nareumon(ထိုင်း)က ကြေးတံဆိပ်ရရှိသည်။ ခက်ခက်တုန်သည် ဗိုလ်လုပွဲတွင် ထိုင်းကစားသမားကို ၁၃၆-၁၃၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ Recurveတစ်ဦးချင်း အမျိုးသမီး ပြိုင်ပွဲတွင် Lee Shuk Kwan(ဟောင်ကောင်)က ရွှေတံဆိပ်၊ ပြည့်စုံနှင်း(မြန်မာ)က ငွေတံဆိပ်၊ Cheng Ching Yi(ဟောင်ကောင်) က ကြေးတံဆိပ်၊ အမျိုးသား ပြိုင်ပွဲတွင် Emdadul(ဘင်္ဂလားဒေ့ရှ်)က ရွှေတံဆိပ်၊Denchai(ထိုင်း)က ငွေတံဆိပ်၊ ထိုက်လင်းဦး(မြန်မာ)က ကြေးတံဆိပ်၊ Compound အမျိုးသမီးတစ်ဦးချင်းRanking Round ပြိုင်ပွဲတွင်Nareumon(ထိုင်း)က ရွှေတံဆိပ်၊ Kanyavee (ထိုင်း)က ငွေတံဆိပ်၊ Phone Kamkeo(လာအို)က ကြေးတံဆိပ် ရရှိခဲ့သည်။ ၏

ပြိုင်ပွဲနောက်ဆုံးနေ့ကို ယနေ့ နိုဝင်ဘာ ၇ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ပြီး အသင်းလိုက်ပြိုင်ပွဲနှင့်Mixed Team ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာ ၆ ရက် ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက ရွှေ ခုနစ်ခု၊ ငွေ ငါးခု၊ ကြေး ငါးခုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ဦးဆောင်နေပြီး ထိုင်းအသင်းက ရွှေ သုံးခု၊ ငွေ လေးခု၊ ကြေး တစ်ခု၊ ဟောင်ကောင်အသင်းက ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး လေးခု၊ ဘင်္ဂလားဒေ့ရှ်အသင်းက ရွှေ တစ်ခု၊ ငွေ တစ်ခု၊ လာအို အသင်းက ငွေ တစ်ခု၊ ကြေး သုံးခု ဆွတ်ခူးရရှိထားကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.