Connect with us

North America

အမေရိကန်လွှတ်တော်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ ဒီမိုကရက်တစ်ပါတီအနိုင်ရပြီး အထက်လွှတ်တော်၌ ရီဘတ်ဗလီကန်ပါတီက ဦးဆောင်နေ


ဝါရှင်တန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

ယနေ့ကျင်းပပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက ရီဘတ်ဗလီကန်ပါတီအပေါ် အောက်လွှတ်တော်၌ မဲနေရာအများစု အနိုင်ရရှိခဲ့ကြောင်း နှင့် အထက်လွှတ်တော်ဆီးနိုတ်၌ ရီဘတ်ဗလီကန်ပါတီက ဒီမိုကရက်တစ်အပေါ် လွှတ်တော်ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအရ သိရသည်။

အမေရိကန်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အထက်လွှတ်တော်၌ အင်ဒီယားနား ၊ တန်နက်ဆီ နှင့် တက္ကဆက်စ်ပြည်နယ်များ အတွင်းရှိ နိုင်ခြေရှိသော မဲဆန္ဒနယ်နေရာများအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၂ နေရာတွင် ရီဘတ်ဗလီကန်ပါတီက ဆီးနိုတ်တွင် ၈ နေရာ အနိုင်ရရှိထားပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

အခြား ဆီးနိုတ်အတွက် မဲဆန္ဒနယ်ယှဉ်ပြိုင်မှု ရလဒ်များကို ဆက်လက်ရေတွက်လျှက်ရှိပြီး ရီဘတ်ဗလီကန်ပါတီအနေဖြင့် အထက်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာအများစု ဆက်လက်ရယူထားနိုင်ဖွယ် ရှိကြောင်း ကနဦးအတည်ပြုချက်များအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.