Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဒုတိယ သမ္မတ က စင်ကာပူ နိုင်ငံ သို့ သွားရောက် လည်ပတ် ၊ သမ္မတ နှင့် ဝန်ကြီးချုပ် များနှင့် တွေ့ဆုံဆွေးနွေး


စင်ကာပူ ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း က စင်ကာပူ နိုင်ငံ ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၅ ရက် မှ ၇ ရက် အထိ သွားရောက်လည်ပတ် ခဲ့ပြီး စင်ကာပူ နိုင်ငံ သမ္မတ နှင့် ဝန်ကြီးချုပ် များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း က စင်ကာပူ နိုင်ငံ သမ္မတ Halimah Yacob နှင့် တွေ့ဆုံစဉ် လတ်တလောနှစ်ပိုင်း အတွင်း တရုတ်-စင်ကာပူ ဆက်ဆံရေး က နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံလုံးက အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် စင်ကာပူ နိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု အား အဆက်မပြတ် ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်း ၊ တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ် နိုင်ငံသားပေါင်း ၁.၄ ဘီလီယံ အား လက်တွေ့ ကောင်းမွန်သည့် လူနေမှု ဘဝ ကို ရရှိအောင် ဆောင်ရွက်နိုင်ခြင်း မှာ ကမ္ဘာကြီး နှင့် အတူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ ကလည်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ တံခါးဖွင့်ပေးမှု မှာလည်း အဆက်မပြတ် ပိုမို ကြီးမား လာမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း နှင့် စင်ကာပူ နိုင်ငံ သမ္မတ Halimah Yacob နိုဝင်ဘာ ၅ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း နှင့် စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း နိုဝင်ဘာ ၆ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း နှင့် စင်ကာပူ နိုင်ငံ သမ္မတ Halimah Yacob နိုဝင်ဘာ ၅ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

Halimah Yacob က စင်ကာပူ-တရုတ် ဆက်ဆံရေး မှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အဆင့်မြင့် အရာရှိ ဆက်ဆံရေး မှာလည်း ကောင်းမွန်ကြောင်း ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး မှာလည်း တက်ကြွစွာ ဆောင်ရွက်နေပြီး လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ကဏ္ဍ တွင်လည်း တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား ပိုမို ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ သည် အာဆီယံ ၏ အကြီးဆုံးသော ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား တွန်းအားပေး ဆောင်ရွက်ခြင်း သည် အာဆီယံ ၏ အရေးပါသည့် ရည်းမှန်းချက် တစ်ခု ဖြစ်ကြောင်း ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး စည်းစနစ် က လက်ရှိကြုံတွေ့နေရသည့် ကုန်သွယ်ရေး အငြင်ပွားမှုများအား ဖြေရှင်းရန် အကောင်းစုံး နည်းလမ်းဖြစ်သောကြောင့် စင်ကာပူ နိုင်ငံ အနေဖြင့် ဆက်လက်၍ ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း က စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး က ကာလတလျှောက် အသက်ဝင်အောင် ထိန်းသိမ်း ထားနိုင်ခဲ့ပြီး စင်ကာပူ နိုင်ငံ ကလည်း တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် နက်ရှိုင်းစွာ ပါဝင် ခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် စင်ကာပူ နိုင်ငံ ခေါင်းဆောင် တို့က ခေတ်ကာလ နှင့် အညီ ဘက်စုံ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား အတည်ပြု နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဦးတည်ချက် ကို လမ်းညွှန်ပေးနိုင်ခဲ့ကြောင်း ၊ ခေတ်ကာလအသစ် သို့ ရောက်ရှိချိန်တွင် တရုတ် နိုင်ငံ က အရည်အသွေး ပိုမို မြင့်မား သည့် တံခါင်းဖွင့် ဆောင်ရွက်မှုမျိုးကို ခိုင်မြဲစွာ တွန်းအား ပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ အနေဖြင့်လည်း ပထမဆုံး အကြိမ် တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ သွင်းကုန်ပြပွဲ ဖွင့်ပွဲ အခမ်းအနား တွင် အရေးပါသည့် မိန့်ခွန်းပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ ၏ နိုင်ငံတကာ နှင့် အတူတကွ ပွင့်လင်းသည့် ကမ္ဘာ့စီးပွားရေး ပုံစံ တည်ဆောက်ရန် တက်ကြွသည့် သဘောထားအား ထုတ်ဖော်ပြသခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံ အသီးသီး နှင့် အပြန်အလှန် နားလည်းမှု နှင့် ယုံကြည်မှု အား တိုးမြင့် အောင် ဆောင်ရွက်ပြီး အတူတကွ အောင်မြင်မှု ရရှိစေမည့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အား ဖော်ဆောင်သွားလိုကြောင်း ပြောကြား ခဲ့သည်။

လီရှန်လွန်း က နှစ်နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ချစ်ကြည်ဆက်ဆံရေး တည်ရှိခဲ့ပြီး လတ်တလော နှစ်ပိုင်း တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု က တည်ငြိမ်းစွာ တိုးတက်လာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများကလည်း အဆက်မပြတ် တိုးချဲ့လာနိုင်ခဲ့ကြောင်း ၊ ပြုပြင်ပြောင်းလဲရေး သည် တရုတ် နိုင်ငံ အင်အား ၏ အရင်းအမြစ်ဖြစ်ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အရေးပါသော မိန့်ခွန်း က တရုတ် နိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယုံကြည်မှု ပိုမို ရရှိစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကမ္ဘာ့ဆက်ဆံရေး အခင်းအကျင်း နှင့် စီးပွားရေး တို့အပေါ် နက်ရှိုင်းစွာ သက်ရောက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ သည် အနာဂတ် ရှေ့ဆက်လျှောက်လှမ်းရမည့် ဦးတည်ချက် ဖြစ်ပြီး စင်ကာပူ-တရုတ် နှစ်နိုင်ငံ တို့က ယင်းကဏ္ဍ တွင် တူညီသည့် သဘောထား ရပ်တည်မှု တည်ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.