ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရင်းနှီးငွေ နည်းပါးသည့် ပြည်သူများ ရင်းနှီးနိုင်သည့် ငွေပမာဏ အလျောက် အစု ရှယ်ယာများ လွယ်လင့်တကူ ဝယ်ယူ ရင်းနှီး မြှုပ်နှံနိုင်ရန် နှင့် ကဏ္ဍစုံ ရင်းနှီး မြှုပ်နှံသူများ ပိုမို ပါဝင် လာခြင်းဖြင့် ရှယ်ယာ ရောင်းဝယ်မှု...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇နှစ်ပြည့်မြောက်သည့် အောက်တိုဘာ ၁ရက် မတိုင်မီ စက်တင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်အသစ် ၃၅ဦး နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် တောင်ကြီးမီးပုံးပျံပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းပြီး ကျပ် ၂၅သိန်းခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း တောင်ကြီး မီးသတ်ဦးစီးထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၇ ခုနှစ် မေလအထိ ရှစ်လအတွင်း လုပ်ငန်းအဖွဲ့ငါးဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းစဉ် ခုနစ်ရပ်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိ သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုဘဏ်က အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အထူးထုတ်ယူမှု အခွင့်အရေး(SDR) ငွေကြေးစနစ် တွင် တရုတ်ယွမ်ငွေပါဝင်လာပြီးနောက် တရုတ်နိုင်ငံသည် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် ဈေးကွက်များဖြန့်ကျက် ဖွင့်လှစ်မှုများကို ဆက်တိုက်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁ရက်ကပြောကြားခဲ့သည်။