ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသို့တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ရွှေညောင်မြို့၌ ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲသူ အမျိုးသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ပါလီမန်သည် ဝန်ကြီးချုပ်အသစ် Adel Abdul Mahdi ၏ အစိုးရအဖွဲ့ဝင် ၂၂ဦး အနက် ၁၄ဦးအား အတည်ပြုပေးပြီးနောက် ၎င်းသည် အီရတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့ တွင် အမျိုးသား ၃ ဦးထံမှ တစ်လုံးထိုးကျည် ၇၇၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုဆိပ်ကမ်း ၌ အမေရိကန်အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေး (CBP) အရာရှိများသည် အိုင်ဖုန်းအစိတ်အပိုင်းအတု ၅,၀၀၀နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။