Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး တွင် ခွင့်ပြုမိန့်(၂)ခု နှင့် အတည်ပြုမိန့် (၁)ခု ခွင့်ပြုရန် ဆုံးဖြတ်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး တွင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့်(၂)ခု နှင့် အတည်ပြုမိန့် (၁)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်းရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ ရန်ကုန်မြို့ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.