ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးစခန်း၏ အနောက်မြောက်ဘက် ရိုမန်ကက်သလစ်ချက်ကျောင်းအနီးတွင် ဖေဖော်ဝါရီ ၂၀ရက်နေ့ နံနက်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြူးနစ် ၊ ဂျာမနီ ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပသည့် ၅၃ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံတွင် ကမ္ဘာတစ်ဝန်းရှိ နျူကလီးယားလက်နက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုလိုက်ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) မြဝတီမြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၇၈,၄၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၃၀၀ ကျော်) နှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဆပ်ပေါ်ရို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ၈ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲ (8th Asian Winter Games) ဖွင့်ပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ ၁၉ ရက် နေ့လည်ပိုင်းက ဂျပန်နိုင်ငံ ဆပ်ပေါ်ရို မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) စင်ကာပူ ယူ၂၂(ခ) အသင်းသည် ရန်ကုန်မြို့သို့ လာရောက်၍ ယနေ့နံနက် (၉)နာရီက YTC ကွင်းတွင် လေ့ကျင့်ရေး ခြေစမ်းပွဲ Training Match (လေ့ကျင့်ယှဉ်ပြိုင်ပွဲ) အဖြစ် မြန်မာ ယူ၂၂(ခ) အသင်းနှင့် ခြေစမ်းကစားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ...