ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကြေကွဲဝမ်းနည်းမိပါကြောင်း အကူအညီများ ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း နိုဝင်ဘာလ ၁၄ ရက်က ပြောကြားခဲ့သည်။
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့သည် အများပြည်သူဆိုင်ရာ လူမှုဖူလုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ယီမင် နိုင်ငံ Sana’a လေဆိပ် ပြောရေးဆိုခွင့်ရှိသူ က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် Sana’a လေဆိပ် အား ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့သဖြင့် လေကြောင်းလမ်းညွှန်မှု စနစ်...
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့သည် နိုဝင်ဘာ ၁၄ရက်တွင် ဗီယက်နမ်နိုင်ငံ ဗီယန်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် ခိုင်မာလာစေရန်အတွက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းအတွက် ကျပ်သိန်း၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များလှူဒါန်းပွဲ အခမ်းအနားကို မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းတွင် ယနေ့ ကျင်းပခဲ့သည်။ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက မေရီချက်ပ်မင်း နားမကြားသော ကျောင်း၏ အမှန်တကယ်လိုအပ်နေသော မီးဖိုချောင်သုံး...