ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်တွင် သိန်း ၈,ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် ငလျင်များနှင့် ဆူနာမီဖြစ်ပွားမှုကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် ယာယီအခြေချနေထိုင်ရန် တဲရှင်ပေါင်းများစွာ လိုအပ်နေကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တန်ဇန်းနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း Geita ဒေသ ရှိ မူလတန်းကျောင်း တစ်ခုကို အောက်တိုဘာ ၁၈ ရက်တွင် မိုးကြိုးပစ်ခတ်ခဲ့ရာ အနည်းဆုံး ကျောင်းသား ၆ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော် ၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။