ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးအားဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း Tehama ခရိုင်ရှိ မူလတန်း ကျောင်း တစ်ကျောင်း အနီးတွင် နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ...
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ဂေါ်ဒူသာရ အနောက်ရွာ နှင့် ဂေါ်ဒူသာရ ချောင်းဝကြားအနီး မသင်္ကာသူ ၂၀ဦးအား ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲ မှ ဒုတိယဦးစီးမှုး ဒေါ်စုနှင်းထွေးက ဆင်ဟွာကို ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့မိုးစပါးများအား ရိတ်သိမ်း၊ရောင်းချပြီးလျှင် မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။