Connect with us

Africa & Middle East

နိုင်ဂျီးရီးယားအလယ်ပိုင်းတွင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူများစွာ သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ လာဖီးယားမြို့ရှိ ပြည်တွင်းဓါတ်ငွေ့အရောင်းဆိုင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နာဆာရာဝါပြည်နယ် တွင် စက်တင်ဘာ ၁၀ ရက် က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် လူအများအပြားသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာ နှင့် သတင်းရင်းမြစ်များအရ သိရသည်။

မီးလောင်ဒဏ်ရာအမျိုးမျိုးရရှိသူ လူ အယောက် ၅၀ကျော်အား ပြည်တွင်းဆေးရုံတစ်ခုသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ပြည်တွင်းသတင်းစာ The Nation က ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် ပြည်နယ်မြို့တော် လာဖီးယားမြို့ရှိ ပြည်တွင်းဓါတ်ငွေ့အရောင်းဆိုင်တစ်ခု တွင် ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး က လောင်စာဆီ နှင့် ဓါတ်ငွေ့အရောင်းဆိုင် တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းမှု မဖြစ်ပွားမီ ဆိုင်ပိုင်ရှင်သည် ဘေးလွတ်ရာသို့ ရှောင်ထွက်သွားပြီး တစ်ချိန်တည်းမှာပင် ဆိုင်အတွင်းရှိ လူအားလုံး မီးလောင်ကျွမ်းပြာကျခဲ့ကြောင်း ပြည်တွင်းသတင်းသို့ ပြောကြားခဲ့သည်။

အခြားမျက်မြင်တွေ့ရှိသူတစ်ဦး ကလည်း မီးသည် မြို့တော် အဘူဂျာမြို့သို့ ဦးတည်နေသော အဓိကအဝေးပြေးလမ်းပေါ်သို့ ကူးစက်ခဲ့၍ ကားများ နှင့် ဆိုင်ကယ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ ဒေသခံအာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

လာဖီးရားမြို့သည် မြို့တော် အဘူဂျာမြို့ မှ ၁၉၂.၃ကီလိုမီတာ အကွာတွင်တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.