Connect with us

Education & Health

ပြည်တွင်း နှင့် နိုင်ငံတကာမှ ဆေးသုတေသန ပညာရှင်များ ပါဝင်မည့် မြန်မာနိုင်ငံ ဆေးသုတေသန ညီလာခံ ကျင်းပမည်

ညီလာခံ ပြုလုပ်ကျင်းပမည့် အစီအစဉ်နှင့် ညီလာခံအတွက် သီးသန့် အင်တာနက်ဝက်ဘ်ဆိုက် (website) ပြုလုပ်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

(၄၇) ကြိမ်မြောက် မြန်မာနိုင်ငံဆေးသုတေသန ညီလာခံ (47th Myanmar Health Research Congress) ကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်မှ ၁၁ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ပြည်တွင်းမှ ဆေးသုတေ သန ပညာရှင်များ၊ နိုင်ငံတကာမှ ဆေးသုတေသနပညာရှင်များ ပါဝင် တက်ရောက် ကြမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံဆေးသုတေသန ညီလာခံတွင် ဆောင်ရွက်ထားသည့် ဆေးသုတေသနစာတမ်းများကို စာတမ်း တင်ပြခြင်း ၊ စာတမ်းဖတ်ခြင်း ၊ ပိုစတာဖြင့် တင်ပြခြင်း တို့ ပြုလုပ်ကာ ဆေးသုတေသနဆိုင်ရာ နောက်ဆုံးပေါ် ရလဒ်များ၊ အမြင်များ၊ ပညာများ ဖလှယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံကို “Ensure WASH: A Global Agenda to Improve Quality of Life”ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ညီလာခံကျင်းပပြုလုပ်မည့် အစီအစဉ်နှင့် အကြောင်းအရာကို ပြည်တွင်းမှ ဆေးသုတေသန ပညာရှင် များ သာမက နိုင်ငံတကာမှ ဆေးသုတေသန ပညာရှင်များကပါ ပိုမိုသိရှိပါဝင်နိုင်စေရန် ၊ ညီလာခံ တက်ရောက် ရန် မှတ်ပုံတင်ရာတွင် လွယ်ကူလျင်မြန်စေရန်နှင့် ညီလာခံနှင့် ပတ်သက်သော စာရွက် စာတမ်း များကို အလွယ်တကူရယူနိုင်ရန်အတွက် ညီလာခံအတွက် သီးသန့် အင်တာနက်ဝက်ဘ်ဆိုက် (website) https://www.myanmarhrc.com ကို ပြုလုပ်ထားရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးသုတေသန လုပ်ငန်း များသည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် အရေးပါကြောင်း ၊ ကုသရေး လုပ်ငန်းများ ၊ ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများ၊ ဆေးပညာသင်ကြားရေးလုပ်ငန်းများတွင် ဆေးသုတေသန လုပ်ငန်းများ၏ အထောက် အကူ ရရှိမှုမှာ အထူးအရေးကြီးကြောင်း၊ဆေးသုတေသနလုပ်ငန်းများမှ ရရှိလာသော အဖြေ ရလဒ်များ ၊ အကြံပြုချက်များကို ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များတွင် လည်းကောင်း ဆေးပညာသင်ကြားရာတွင်လည်းကောင်း လက်တွေ့အသုံးချခြင်းဖြင့် လုပ်ငန်းများ စရိတ်စက နည်းပါးစွာဖြင့် ပိုမိုအောင်မြင်မည် ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ပြုလုပ်သော ရှင်းလင်းတင်ပြပွဲတွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.