နယူးယောက် ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ) အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်သည် တနင်္ဂနွေနေ့က ကျင်းပသည့် (9/11) စက်တင်ဘာ၁၁ တိုက်ခိုက်မှု ၁၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတက်ရောက်အပြီးတွင် အဆုပ်ရောင် ရောဂါခံစားနေရသဖြင့် နေ အိမ်၌ အနားယူနေရကြောင်း သိရသည်။
နန်နင်း ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကျယ်ပြန့်၊ အကျိုးကျေးဇူးရှိပြီး အနီးကပ် ဖြစ်သော ဆွေးနွေးဖက်ဆက်ဆံရေးများ တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်ကောလိက စက်တင်ဘာလ ၁၁ ရက်တွင်ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) FIFA U-20 Women’s World Cup အတွက် ကွင်းလယ်ဒိုင်လူကြီး အဖြစ် ရွေးချယ်ခံရသည့် မြန်မာဒိုင်လူကြီး သိန်းသိန်းအေး သည် အာရှတွင် ပထမဆုံး အရွေးချယ်ခံရသည့် ပထမဦးဆုံး ကွင်းလယ်ဒိုင်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူဦးစိုးမိုးက ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်း မှတစ်ဆင့် ဆန်တန်ချိန် ငါးသိန်းတင်ပို့နိုင်ရန် စီစဉ်ထားပြီး ယင်းအနက် အင်ဒိုနီးရှားနိုင်ငံက ဆန်တန်ချိန် သုံးသိန်းဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
ဘန်ဒါ ဆရီ ဘီဂါဝမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) Samsung Galaxy Note 7 ၏ ဘက်ထရီချို့ယွင်းချက်ကြောင့် ကမ္ဘာ့အနှံ့တွင်ပြန်လည်သိမ်းဆည်းနေသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘရူနိုင်းနိုင်ငံ လေကြောင်းလိုင်း Royal Brunei (RB) က ၎င်း၏ လေယာဉ်များပေါ်တွင် မီးလောင်မှု ဖြစ်ပွားတတ်သည့် Samsung...