Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၆၆,၀၀၀ ပြား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားအိတ်များအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ရွှေဇားတံတားအနီး၌ သြဂုတ်လ ၁၇ ရက် ၇နာရီ ၁၀မိနစ်အချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၆၆,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် နယ်မြေအတွင်း MDY 4N/— တေပါယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်နေကြောင်း သတင်းအရ မူးယစ်ဆေးဝါးများသယ်ဆောင်လာသောယာဉ်အား လိုက်လံစုံစမ်းရာ အဆိုပါယာဉ်အား မောင်တောမြို့၊ ရွှေဇားကျေးရွာအုပ်စု၊ ရွှေဇားတံတားအနီးတွေ့ရှိ ရသဖြင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းမှ အနီးကပ်ကြီးကြပ်၍ မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ ရဲအုပ်အောင်သူရနှင့်တပ်ဖွဲ့ဝင်များ ရွှေဇားရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များတို့သည် သက်သေများနှင့်အတူ ယာဉ်အမှတ် MDY 4N/—တေပါယာဉ်အားစစ်ဆေးရာ ယာဉ်မောင်းမှာ ရွှေဇားရွာအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားပြီး ယာဉ်အားစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ယာဉ်နောက်ဘက် ဆာလာအိတ်များအတွင်း တစ်ဖက်နိုင်ငံသို့ပို့မည့် ချင်း (ဂျင်း) များဖြင့်ရောနှောထည့်ထားသော မြင်းချေး ရောင်စက္ကူဖြင့်ထုပ်ထား သောတစ်ထုပ်လျှင် WY/R စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၅၀,၀၀၀)ပြားစီပါ အထုပ် (၅၅)ထုပ်နှင့် ဆေးပြား(၁၆,၀၀၀)ပါ အထုပ်တစ်ထုပ် စုစုပေါင်းဆေးပြား (၂,၇၆၆,၀၀၀) ပြား ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး မောင်တောမြို့မ စခန်းမှူး ဒုရဲမှူး ကျော်မျိုးထက်နှင့် တပ်ဖွဲ့ဝင်များမှ တရားခံများအား လိုက်လံရှာဖွေ ပိတ်ဆို့ဖမ်းဆီးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အဆိုပါ ယာဉ်အမှတ် MDY 4N/— တေပါယာဉ်မှ ထွက်ပြေးတိမ်းရှောင်သွားသူများမှာ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်တွင်နေထိုင်ကြသူ ယာဉ်မောင်း အဘူကော်နှင့် ယာဉ်နောက် လိုက် အာဇီ ဖြစ်ကြောင်းစုံစမ်းသိရှိရသဖြင့် အဘူကော်နှင့် အာဇီတို့နှစ်ဦးအားဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.