ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း ပျက်ကျသွားသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8အား ရှာဖွေမှုတွင် ရုပ်အလောင်း ၆၂လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၂ရက်နေ့ နံနက် ၉နာရီကျော်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဂျကာတာ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ကမ်းခြေဖြစ်သော ဂျာဗားကျွန်းစုကမ်းခြေတစ်လျှောက်၌ ယနေ့( ဇွန်လ ၁၂ ) ရက် နံနက်ပိုင်းတွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသဌာန နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ဇွန်လ ၁၁ ရက်က သတင်းသမားတစ်ဦး အား အမည်မသိ သေနတ်သမားတစ်စု က ပစ်သတ်သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ နှင့် သတင်းသမား၏ မီဒီယာ အသိုင်းအဝိုင်းကပြောကြားခဲ့သည်။
အက်စ်တာနာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အက်စ်တာနာတွင် ဇွန်လ ၁ဝ ရက်နေ့က ကျင်းပသည့် Astana Expo 2017တွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးပေါ်တွင် လူသားများ စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးလျှော့ချပစ်နိုင်ရန်ဟုဆိုသည်။ နိုင်ငံပေါင်း...
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ၎င်းသည် နောက် ၂၄ နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။