ဝဲလင်တန်၊စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့ကားကို ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပို့ဆောင်ရေးဝန်ကြီး Simon Bridges က စက်တင်ဘာလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရီယို ဒီ ဂျနေရိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) လှံတံပစ်မယ် ရှာလင်း ကိုးလ်ဟို (Shirlene Coelho) အား ရီယို မသန်စွမ်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားအတွက် ဘရာဇီးနိုင်ငံ အလံ သယ်ဆောင်သူအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ဘန်ကောက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ကိုယ်ဝန်ဆောင်နှစ်ဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး မြောက်ပိုင်းပြည်နယ်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၁၁ဦးရှိလာပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက စက်တင်ဘာ၅ ရက်က ဖော်ပြခဲ့သည်။
ဟာဗားနား ၊ စက်တင်ဘာလ ၆ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ၌ ပညာရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခြင်းနှင့်အတူ အခြေခံပညာ နှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူပေါင်း ၂ သန်းကျော်သည် စက်တင်ဘာလ ၅ ရက်တွင် ၎င်းတို့၏ စာသင်ခန်းများ သို့စတင်ဝင်ရောက်နေကြပြီးဖြစ်သည်။
ဗြူနိုအဲရစ် ၊ စက်တင်ဘာ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးမှာ “ အထင်ကြီးစရာကောင်း၍ ခမ်းနားထည်ဝါသော” အစည်းအဝေးဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri က စက်တင်ဘာလ ၅ ရက်တွင် ချီးကျူးစကား ဆိုလိုက်သည်။