Connect with us

Science & Technology

ပေကျင်း နှင့် ထျန်ကျင်းမြို့အကြားပြေးဆွဲနေသည့် ကျည်ဆံရထား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ မြန်နှုန်း တိုးမြှင့် ပြေးဆွဲ


တီအန်ဂျင်း၊သြဂုတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ထျန်ကျင်းမြို့(Tianjin) ကိုပြေးဆွဲပေးနေသည့် ကျည်ဆံရထားမြန်နှုန်းအား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ အမြင့်ဆုံး မြန်နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးခဲ့ရာ မြို့နှစ်မြို့အကြား ရထားပြေးဆွဲမှုကြာချိန်ကို ၅ မိနစ်ထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် အသုံးပြုမည့် ကျည်ဆံရထားကို တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Fuxing( ပြန်လည်တီထွင်ဆန်းသစ်မှု) ဟု အမည်ပေးထားကြောင်း သိရသည်။

ထိုသို့ရထားမြန်နှုန်းတိုးမြှင့်လိုက်ခြင်းဖြင့် ပေကျင်းတောင်ပိုင်းရထားဘူတာ နှင့် ထျန်ကျင်းရထားဘူတာအကြား လမ်းခရီးကြာချိန် ၃၅ မိနစ်ကို ၃ဝ မိနစ်သို့ လျှော့ချပေးနိုင်ခဲ့ကြောင်း နှင့် ရထားလက်မှတ်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် တီအန်ဂျင်းမြို့အကြားပြေးဆွဲပေးသည့် မြန်နှုန်းမြင့် ကျည်ဆံရထားအားတွေ့ရစဉ်(ဆင်ဟွာ)

“ အချိန် ၅ မိနစ်ပဲ လျော့သွားတယ်ဆိုပေမယ့် တစ်နာရီ ၃၅ဝ ကီလိုမီတာနှုန်းနဲ့ပြေးဆွဲမယ့် ခရီးစဉ်အတွက် ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်” ဟု သြဂုတ် ၈ ရက်က ခရီးစဉ်အမှတ် C2002 ဖြင့် ထျန်ကျင်းမြို့မှ လိုက်ပါလာသော ခရီးသည် Zheng Yi က ဆိုသည်။

ပေကျင်းမြို့ နှင့် ထျန်ကျင်းမြို့အကြား ရထားခရီးစဉ်အသစ်ကို သြဂုတ် ၈ ရက်တွင် စတင်ခဲ့ကြောင်း တရုတ်နိုင်ငံမီးရထားလမ်းပိုင်း ပေကျင်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.