Connect with us

Asia

တရုတ် နိုင်ငံ အစိုးရ က အင်ဒိုနီးရှား နိုင်ငံ ငလျင် ဖြစ်ပွားရာ ဒေသ သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်

အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရှောင်ချန်း (Xiao Qian) က အင်ဒိုနီးရှား ကြက်ခြေနီအသင်း သို့ လှူဒါန်းငွေများ ပေးအပ်နေစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က သြဂုတ်လ ၈ ရက် ၌ ဂျာကာတာ ရှိ အင်ဒိုနီးရှား နိုင်ငံ ကြက်ခြေနီအသင်း သို့ အင်ဒိုနီးရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရှောင်ချန်း (Xiao Qian) က တရုတ် နိုင်ငံ သံရုံး အနေဖြင့် အင်ဒိုနီးရှား နိုင်ငံ ကြက်ခြေနီအသင်း သို့ ယာယီတဲ အလုံးရေ ၂၀၀၀ ၊ ကြမ်းခင်း အခုရေ ၂၀၀၀ နှင့် စောင် အခုရေ ၅၀၀၀ စသည့် အရေးပေါ်လိုအပ် သည့် ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကြက်ခြေနီ အသင်း ထံသို့ အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ ကိုလည်း အရေးပေါ် ထောက်ပံ့ကူညီရေး လုပ်ငန်း တွင် အသုံးပြုရန် အတွက် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ က အခင်းဖြစ်ပွား ပြီးနောက် ပထမ ဦးဆုံး ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးသည့် တရုတ် နိုင်ငံ အား ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ နှင့် အရပ်ဘက် အဖွဲ့အစည်း များက အင်ဒိုနီးရှား နိုင်ငံ အား ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးခဲ့သည့် အတွက် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး ကို ပေါ်လွင်စေခဲ့ကြောင်း ၊ အင်ဒိုနီးရှား နိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ဘေးဒုက္ခ ကျရောက်ခဲ့သည့် ဒေသ များတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ West Nusa Tenggara ပြည်နယ် Lombok ကျွန်း တွင် သြဂုတ်လ ၅ ရက် ၌ အင်အား ၇.၀ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံ အစိုးရ ၏ သြဂုတ်လ ၈ ရက် ထုတ်ပြန်ချက် အရ ငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၄၇ ဦး သေဆုံး ခဲ့ကာ တစ်ထောင်ကျော် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.