Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် အတူဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၇ ရက်နေ့ ၁ရး၄၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တမူးမြို့နယ်၊ ထင်းဇင်ကျေးရွာနှင့် ဘုက္ကန်ကျေးရွာကြား၊ နန်စပါတံတားအနီးတွင် လူ ၂ဦး ပါရှိသည့် CALDINA မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ရှေ့ခန်း ဝဲဘက်ခြမ်း၏ အရှေ့ တူးဘောက်စ်အတွင်းမှ ခြောက်လုံးပြူးသေနတ် တစ်လက်၊ ကျည် ၄ တောင့်၊ ယာဉ်နောက်ခန်း၏ ခရီးဆောင်အိတ်ထဲရှိ ကော်ပုံးနှစ်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၃,၅၃၀ ပြား၊ အိုက်စ် ၅.၅ ကီလို၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ယာဉ်ပေါ်ပါမော်တော်ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.