Connect with us

Videos

ရှေးအကျဆုံးဖြစ်သည့် အမျိုးသမီးများ၏ဒေသ

ယူနန်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လူဂူ ကန် သည် ကမ္ဘာပေါ်တွင် တရုတ်လူမျိုးတို့အကြား ရှေးအကျဆုံးဖြစ်သည့် အမျိုးသမီးများက ဦးဆောင်သည့် ဓလေ့ကို ပိုင်ဆိုင်သော မော်ဆော လူမျိုးစုတို့နေထိုင်ရာဒေသတစ်ခုလည်းဖြစ်သည်။ ၎င်းတို့မှာ ရက်ကန်း လုပ်ငန်းဖြင့်အသက်မွေးသူများဖြစ်ပြီး နာရှီတိုင်းရင်းသားမျိုးနွယ်စုဝင်များလည်းဖြစ်ကြသည်။ ၎င်းတို့၏ ထူးခြားသည့် ဓလေ့တစ်ခုမှာ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ မော်ဆောအမျိုးသမီးများမှာ မိမိတို့စိတ်ကြိုက်ချစ်သူများကိုရွေးချယ်ခွင့်ရှိပြီး စုံတွဲများမှာလည်း အတူတကွနေထိုင်ခြင်းမရှိဘဲ အမျိုးသားများမှာ ၎င်းတို့စုံမက်သည့်အမျိုးသမီးများ၏ အိမ်သို့ ညဘက်မှသာ သွားလာရသည့်ဓလေ့ဖြစ်သည်။ အမျိုးသမီးများက ဦးဆောင်သော ဓလေ့ကိုအစွဲပြုကာ အမျိုးသမီးများ၏ ဒေသဟုလည်း ခေါ်ဝေါ်လေ့ရှိသည့် မော်ဆောတို့သည် ယူနန်နှင့်စီချွမ်ပြည်နယ်တို့၏ နယ်နိမိတ်ဖြစ်သည့် လူဂူကန် ၏ ကမ်းနားတစ်လျှောက် နေထိုင်ကျက်စားကြသည်။ မော်ဆောလူမျိုးစုတို့နေထိုင်ရာ လူဂူကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၈၅ မီတာတွင်တည်ရှိပြီး စိမ်းလန်းစိုပြည်လှပသည့် တောင်တန်းများဝန်းရံထားသည့်ရေကန်ကြီးတစ်ခုလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.