တီဟီရန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ပေးသည့် ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်း ကွန်ရက်များအား ပြန်လည်ရှင်သန်လာအောင်လုပ်ဆောင်ပေးနိုင်မည့် တရုတ်နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုအား ထောက်ခံပါကြောင်း အီရန်နိုင်ငံ အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ဟန်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးစ စီးပွားရေး ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၄ ရက်က ပြောကြားလိုက်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မကြာခင်က ဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ်ကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်မှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ယနေ့ စက်တင်ဘာလ ၃ ရက်တွင်...
နေပြည်တော်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးမှ ကြီးမားသော ဘုံသဘောတူညီချက်များ အပါအဝင် ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ပြီး...
ဟန်ကျိုး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟန်ကျိုးတွင်ကျင်းပတော့မည့် G20 ထိပ်သီးအစည်းအဝေးအကြောင်းနှင့် စပ်လျဉ်း၍ နိုင်ငံအတွင်းရှိ ကလေးငယ်များကို ဆင်ဟွာသတင်းဋ္ဌာန မှ သွားရောက်မေးမြန်းခဲ့သည်။ (Xinhua)