Connect with us

Asia

သီရိလင်္ကာတွင် ခရီးသည်တင်ရထား ၂စင်းတိုက်မိ၍ လူ ၂၅ဦး ဒဏ်ရာရရှိ

သီရိလင်္ကာနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ရထား တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုလံဘို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

သီရီလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ မှ ၇၅ကီလိုမီတာအကွာ ရှိ Polgahawela ဘူတာရုံတွင် သြဂုတ် ၆ရက်က ရပ်ထားသော ရထားတစ်စင်းကို ကိုလံဘို-ကန်ဒီ တစ်လျှောက်ပြေးဆွဲပေးနေသည့် ရထားတစ်စင်းက ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရပ်ထားသော ရထားသည် ကိုလံဘိုမြို့မှ ကန်ဒီမြို့ အလယ်ပိုင်း တောင်ကုန်းများဆီကို မောင်းနှင်လာခြင်းဖြစ်ပြီး သြဂုတ် ၆ ရက် နေ့လည်ပိုင်းတွင် စက်ချို့ယွင်းမှုကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်း၊ အခြားရထားတစ်စင်းသည်လည်း ကိုလံဘိုမြို့မှ မောင်းနှင်လာခြင်းဖြစ်ကာ ရပ်ထားသော ရထားနှင့် တိုက်မိခဲ့၍ အချို့သော ရထားအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး လူအများ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ဒဏ်ရာရရှိသူများကို Polgahawela ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)