Connect with us

Asia

အိန္ဒိယနိုင်ငံတွင် အမျိုးသားတစ်ဦးက ဇနီးနှင့် ရန်ဖြစ်ပြီး ကလေး ၃ ဦးကို မြစ်ထဲပစ်ချ

အခင်းဖြစ်ပွားသည့် နေရာတစ်ခုအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာ ပရာဒတ်ရှ်ပြည်နယ်က အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးနှင့် ရန်ဖြစ်ပြီးနောက် သား ၃ ဦးကို မြစ်အတွင်းသို့ ပစ်ချကာ သတ်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၆ ရက်တွင် ပြောကြားလိုက်သည်။

အသက် ၆ နှစ်၊ အသက် ၃ နှစ်နှင့် အသက် ၃ လအရွယ် ယောကျ်ားလေး ၃ ဦး၏ အလောင်းများကို အန်ဒရာပရာဒတ်ရှ်ပြည်နယ် အမရာဗာတီမြို့ တောင်ဘက် ၄၈၅ ကီလိုမီတာ Chittoor ခရိုင်တွင် မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သည်။“သြဂုတ်လ ၆ ရက် မနက်ပိုင်းက ကလေးသုံးဦးရဲ့ ရုပ်အလောင်းက ဂန်ဂါဒရာ နယ်လိုရီ မန်ဒယ် ကျေးရွာက တံတားအနီးရှိ နီးဗာမြစ်အတွင်း ပေါလောပေါ်နေတာကို ဒေသခံတွေက တွေ့ရှိခဲတာပါ။ ပြီးတော့ ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်” လို့ Chittoor ခရိုင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားအား ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီဒီယာသတင်းများအရ ထို ဇနီးမောင်နှံသည် ရန်ဖြစ်ခဲ့ပြီးနောက် ဇနီးသည်က ကလေးများကိုခေါ်ကာ ၎င်း၏ မိဘအိမ်သို့ ထွက်သွားခဲ့ကြောင်း သိရသည်။“အဲဒီ ခင်ပွန်းက သူ့ဇနီးနဲ့ ကလေးတွေကို ပြန်ခေါ်လာခဲ့တယ်။ ဒါပေမဲ့ လမ်းပေါ်မှာ သူတို့က နောက်ထပ် စကားများ ရန်ဖြစ်ခဲ့ပြီး ယောက်ျားက ကလေးတွေကိုယူပြီး ရေထဲပစ်ချခဲ့တာပါ” လို့ ရဲအရာရှိက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117