Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးဝင်ရောက် ယှဉ်ပြိုင်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအားတွေ့ရစဉ်(ရွေးကောက်ပွဲကော်မရှင်)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အရ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ(၁၃)နေရာအတွက် ပြည်သူ့လွှတ်တော်တွင် ၁၉ဦး၊ အမျိုးသား လွှတ်တော်တွင် ၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၃၉ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး) တွင် ၅ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာချက်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ဩဂုတ် ၆ ရက်မှ စတင်၍ ကပ်၍ကြေညာထားကြောင်း သိရသည်။(Xinhua)