ကုလသမဂ္ဂ၊ဇွန် ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့၏ ကျူးကျော်သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် နှင့် အစ္စရေး – ပါလက်စတိုင်းအကြား နှစ်ပြည်ထောင်စနစ်တည်ဆောက်မှုဖြင့် ပဋိပက္ခကို ဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးကြရန် ဇွန်လ ၅ ရက်က တိုက်တွန်းပြောကြားလိုက်သည်။
ဘန်ကောက်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဲခေါင်မြစ် ကမ်းနံဘေးတွင် ဆေးခြောက် ၁၀၀၀ ကီလိုဂရမ် ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြည်တွင်းသတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ် David Rank က တာဝန်မှ နှုတ်ထွက်လိုက်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ဇွန်လ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့ က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ အလုပ်ရုံတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၅ဦးသေဆုံးခဲ့ကြောင်း ဇွန် ၅ ရက် ကပြောကြားခဲ့သည်။
ဒမတ်စကက်စ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Raqqa မြို့ပေါ်သို့ဇွန်လ ၅ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူပေါင်း ၃ဝ ကျော် သေဆုံးသွားကြောင်း အစိုးရလိုလားသည့် al-Watan သတင်းစာမျက်နှာက ရေးသားဖော်ပြသည်။