Connect with us

Local

ဒုတိယအကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနား နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ

ဒုတိယအကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို သြဂုတ်လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအဖြစ် စတင်တည်ထောင်ခွင့် ရရှိခဲ့သည့် သြဂုတ် လ ၃ ရက်ကို မြန်မာ့ ကျောက်မျက် ရတနာနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်ပထမအကြိမ်ကျင်းပခဲ့ရာ ယခုဆိုလျင် ဒုတိယအကြိမ် သို့ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ကျောက်မျက်ရတနာကဏ္ဍဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေး လျက်ရှိခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ် လမ်းမှအထောက်အကူပြု လျက်ရှိပါကြောင်း၊ အလားတူ ကျောက်မျက်ရတနာလုပ်ငန်းသည် နိုင်ငံသူနိုင်ငံသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးသည့် စီးပွားရေးကဏ္ဍတစ်ရပ် လည်း ဖြစ်ပါကြောင်း၊ တန်ဖိုးမြင့်အချောထည် လက်ဝတ်ရတနာများ ထုတ်လုပ်၍ ပြည်တွင်း ဈေးကွက်ဖော်ဆောင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေး အတွက် ဘက်ပေါင်းစုံအရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင် ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှု၍ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း စတုတ္ထသက်တမ်းဥက္ကဋ္ဌ ဦးရုံးမူအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်သည်။

ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာ့ကျောက်မျက်ရတနာနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်များနှင့် အမှုဆောင် များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းသူ အသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.